သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။
ရှင်မာကု 2:15 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လေဝိ၏အိမ်ထဲ၌ထိုင်၍စားသောက်နေတော်မူစဉ် များစွာသောအခွန်ကောက်ခံသူနှင့် အပြစ်သားတို့သည် တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။ အကြောင်းမူကား နောက်တော်သို့လိုက်ကြသည့် ထိုသို့သောသူများစွာရှိကြ၏။ Common Language Bible ထိုနောက်သခင်ယေရှုသည်လေဝိ၏အိမ်တွင် တပည့်တော်တို့နှင့်အတူစားသောက်လျက်ရှိစဉ်၊ အခွန်ခံသူနှင့်အပယ်ခံသူအမြောက်အမြား သည်လည်း ကိုယ်တော်နှင့်လိုက်ပါလာကြသဖြင့် ကိုယ်တော်နှင့်တကွတပည့်တော်တို့နှင့်အတူ စားသောက်လျက်ရှိကြ၏။- Garrad Bible ယေ ရှု သည် သူ့ အိမ် တွင် တ ပည့် တော် တို့ နှင့် တ ကွ စား တော် ခေါ် စဉ် နောက် တော် ပါ လေ့ ရှိ သော အ ခွန် ကောက် နှင့် အ ပြစ် သား အ များ လည်း အ တူ သုံး ဆောင် ကြ ၏။ Judson Bible ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် လေဝိ၏အိမ်တွင် ညစာသုံးဆောင်ကြ၏။ ထိုနေရာ၌ အခွန်ကောက်သူများနှင့် အပြစ်သားများလည်း ပါကြ၏။ ယေရှုနောက်လိုက်များထဲတွင် ထိုသို့သောသူများစွာ ပါဝင်၏။ မြန်မာ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။- |
သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။
တစ်ဖန် လမ်း၌ကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် အာလဖဲ၏သား လေဝိကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။
အခွန်ကောက်ခံသူတို့နှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကိုနားထောင်ရန် အထံတော်သို့ချဉ်းကပ်လာကြ၏။
ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ပေါ်မှကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူ၏။ ထိုနေရာ၌ တပည့်တော်တို့၏အစုအဝေးကြီးမှစ၍ ယုဒနယ်အရပ်ရပ်တို့နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့မှလည်းကောင်း လာကြသော လူအမြောက်အမြားရှိကြ၏။