Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 2:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် လေဝိ​၏​အိမ်​တွင် ညစာ​သုံးဆောင်ကြ၏။ ထို​နေရာ​၌ အခွန်ကောက်သူများ​နှင့် အပြစ်သားများ​လည်း ပါကြ၏။ ယေရှု​နောက်လိုက်များ​ထဲတွင် ထိုသို့သော​သူ​များစွာ ပါဝင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယေ ရှု သည် သူ့ အိမ် တွင် တ ပည့် တော် တို့ နှင့် တ ကွ စား တော် ခေါ် စဉ် နောက် တော် ပါ လေ့ ရှိ သော အ ခွန် ကောက် နှင့် အ ပြစ် သား အ များ လည်း အ တူ သုံး ဆောင် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 2:15
8 ပူးပေါင်းရင်းမြစ်များ  

အခွန်​ကောက်သူများ​နှင့် အပြစ်သားများ​သည် ယေရှု​၏​သွန်သင်ချက်​ကို နားထောင်​ရန် ယေရှု​အနီး​သို့ ချဉ်းကပ်လာကြ၏။


ထို့နောက် ယေရှု​သည် သူတို့​နှင့်အတူ တောင်ပေါ်​မှ​ဆင်း​၍ မြေပြန့်​နေရာ​သို့ ရောက်​သောအခါ ရပ်တော်မူ၏။ ထို​နေရာ​တွင် တပည့်တော်စုကြီး​အပါအဝင် ယုဒပြည်​နှင့် ဂျေရုဆလင်မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာမြို့​နှင့် ဆီဒုန်မြို့​တို့​မှ​လည်းကောင်း ရောက်လာကြသော လူ​အမြောက်အမြား​ရှိ၏။


သင်တို့​အား ချစ်သော​သူတို့​ကို​သာ သင်တို့​ပြန်​၍ ချစ်​လျှင် ဘုရားသခင်​ထံမှ မည်သည့်​အကျိုးကျေးဇူး​ကို ရထိုက်မည်နည်း။ အကျင့်ပျက်သော​အခွန်ကောက်သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


လမ်း​၌ ကြွတော်မူ​စဉ် အာလဖဲ​၏​သား လေဝိ​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။


ထိုသို့ ကိုယ်တော်​သည် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်တော်မူသည်​ကို ဖာရိရှဲ​အဖွဲ့ဝင် ကျမ်းတတ်ဆရာတို့ မြင်​သောအခါ “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်သနည်း” ဟု တပည့်တော်တို့​အား မေးကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ