အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 2:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လျှောက် ကြွ တော် မူ ပြန် စဉ် အ ခွန် ရုံး တွင် ထိုင် နေ သော အာ လ ဖဲ့ သား လေ ဝိ ကို မြင်၍ ငါ့ နောက် လိုက် လော့ ဟု မိန့် တော် မူ သော် ထို သူ သည် ထ၍ နောက် တော် က လိုက် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လမ်း​၌ ကြွတော်မူ​စဉ် အာလဖဲ​၏​သား လေဝိ​သည် အကောက်ခွန်ရုံး​တွင် ထိုင်နေသည်​ကို တွေ့မြင်တော်မူ​၍ “ငါ့​နောက်သို့ လိုက်​၍ ငါ့​တပည့်​အဖြစ် ခံယူလော့” ဟု မိန့်တော်မူ၏။ သူ​သည် ထ​၍ ယေရှု​နောက်တော်​သို့ လိုက်လေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 2:14
9 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က​လည်း“ငါ့​နောက်​သို့​လိုက်​လော့။ လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။


အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့်


မဿဲ​နှင့်​သောမ၊ အာလဖဲ​၏​သား​ယာကုပ်​နှင့် မျိုးချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိမုန်၊


သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။