ရှင်မာကု 2:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် နောက်တစ်ဖန် ပင်လယ်ကမ်းနားသို့ကြွတော်မူရာ လူထုပရိသတ်အပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် သူတို့ကိုသွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။- Garrad Bible နောက် တစ် ဖန် အိုင် နား ကို ထွက် ကြွ တော် မူ ရာ လူ အ မြောက် အ မြား တို့ သည် ကိုယ် တော့် ထံ လာ ရောက် ကြ သ ဖြင့် ဒေ သ နာ ပေး တော် မူ ၏။ Judson Bible နောက်တစ်ဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် အိုင်နံဘေးသို့ တစ်ဖန်ကြွ၍ မိမိထံ ရောက်လာကြသော လူထုပရိသတ်အား သွန်သင်တော်မူ၏။ မြန်မာ နောက်တစ်ဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။- |
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
များစွာသောလူတို့သည် စုဝေးလာကြသဖြင့် အိမ်တံခါးရှေ့၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် သူတို့အား နှုတ်ကပတ်တရားကိုဟောပြောလျက်နေတော်မူ၏။
တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင် သွန်သင်တော်မူရာ အလွန်များပြားသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် ပင်လယ်ကမ်းစပ်ရှိလှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ပင်လယ်ကမ်းပေါ်တွင်ရှိနေကြ၏။
လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။
လူအပေါင်းတို့သည်လည်း ကိုယ်တော်၏တရားတော်ကိုကြားနာရန် နံနက်စောစော ဗိမာန်တော်၌ရှိသောကိုယ်တော်ထံသို့ လာကြ၏။