ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
ရှင်မာကု 2:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လေဖြတ်သောသူသည်ထ၍ အိပ်ရာကိုချက်ချင်းဆောင်ယူလျက် လူအပေါင်းတို့ရှေ့မှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့သြငေးမော၍ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်စဖူး”ဟု ပြောဆိုလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ Common Language Bible လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။ Garrad Bible ချက် ခြင်း ထ ပြီး လျှင် ထမ်း စင် ကို ဆောင်၍ အား လုံး ရှေ့ ထွက် သွား လေ၏။ ထို သူ ရှိ သ မျှ လည်း အံ့ သြ၍ ထို အ တိုင်း ငါ တို့ မ မြင် စ ဖူး ဟု ဆို လျက် ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Judson Bible ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ မြန်မာ ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ |
ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။
နတ်ဆိုးကိုနှင်ထုတ်တော်မူသောအခါ ဆွံ့အသောသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည်အံ့ဩ၍ “အစ္စရေးပြည်၌ ဤကဲ့သို့သောအဖြစ်ကို မမြင်ဖူးပါ”ဟု ပြောဆိုကြ၏။
ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
“သင့်ကို ငါဆိုမည်။ ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ပြန်လည်တည့်မတ်သွား၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
သူတို့ထဲမှတစ်ဦးသည် မိမိအနာရောဂါပျောက်ကင်းသွားကြောင်းသိမြင်သောအခါ ကျယ်လောင်သောအသံဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် ပြန်လာကာ
လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ယနေ့ ငါတို့သည် အံ့ဖွယ်သောအမှုကို မြင်ရကြပြီ”ဟု အလွန်ထိတ်လန့်အံ့ဩသောစိတ်ဖြင့်ပြောဆိုကြ၏။
လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
သို့ရာတွင် လူထုပရိသတ်ထဲမှအများစုသည် ကိုယ်တော်ကိုယုံကြည်လျက် “ခရစ်တော်ကြွလာသောအခါတွင် ဤသူပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာတို့ကို ပြုပါမည်လော”ဟု ဆိုကြ၏။
မွေးရာပါမျက်မမြင်ဖြစ်သောသူကို တစ်စုံတစ်ယောက်က မျက်စိမြင်စေခဲ့သည်ဟူသောအကြောင်းကို ကမ္ဘာဦးမှစ၍ မကြားခဲ့ဖူးပါ။
လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏။