ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။
ရှင်မာကု 16:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။ Common Language Bible ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။- Garrad Bible ထို နောက် စား ပွဲ ထိုင် နေ ကြ သော တစ် ဆယ့် တစ် ပါး တို့ အား ထင် ရှား တော် မူ လျှင်၊ ရှင် ပြန် ထ မြောက် တော် မူ ပြီး မှ ဖူး မြင် ရ သူ တို့ စ ကား ကို မ ယုံ ကြ သည့် အ တွက် မ ယုံ ခြင်း၊ စိတ် ခဲ ယဉ်း ခြင်း များ ကို ဆုံး မ တော် မူ သည့် နောက်၊ Judson Bible ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။ မြန်မာ ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊- |
ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။
ထို့နောက် တန်ခိုးလက္ခဏာအများစုပြုတော်မူရာမြို့များသည် နောင်တမရသောကြောင့် ကိုယ်တော်သည် ထိုမြို့တို့ကိုပြစ်တင်ပြောဆိုလျက်
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။
ထိုအခါ ကိုယ်တော်က“အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှတို့ကိုယုံကြည်ရန် စိတ်နှလုံးထိုင်းမှိုင်းသောသူတို့၊
သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
ထို့နောက် သောမအား“သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့”ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
ကေဖထံ ထင်ရှားပြတော်မူပြီးနောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထံ ထင်ရှားပြတော်မူခဲ့ကြောင်းတို့ဖြစ်၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။