အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
ရှင်မာကု 15:34 - မြန်မာ့စံမီသမ္မာကျမ်း မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ဖြစ်၏။ Common Language Bible မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။ Garrad Bible မွန်း လွဲ သုံး နာ ရီ အ ချိန် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း ဟု ဆို လို သော ဧ လော အိ၊ ဧ လော အိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ၊ Judson Bible သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။ မြန်မာ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- |
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။
“ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။
အနီး၌ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ကြည့်ပါ။ သူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။
ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက်“အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။
တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။