ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ရှင်မာကု 14:64 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။ Common Language Bible ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။- Garrad Bible ပုတ် ခတ် မှု စ ကား ကို သင် တို့ ကြား ကြ ပြီ။ မည် သို့ ထင် မှတ် ကြ သ နည်း ဟု မေး ရာ သေ ဒဏ် ခံ ထိုက် ပါ သည် ဟု ရှိ သ မျှ တို့ ကောက် ယူ ကြ ပြီး လျှင်၊ Judson Bible ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။ သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟု မေးလျှင် သူတို့အားလုံးက “သူသည် သေဒဏ်ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။ မြန်မာ ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- |
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင်