ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။
ရှင်မာကု 14:39 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ Common Language Bible ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။- Garrad Bible တစ် ဖန် ထွက် ကြွ၍ အ ထက် နည်း အ တိုင်း ပ ဌ နာ ပြု လျက် တောင်း လျှောက် တော် မူ ၏။ Judson Bible တစ်ဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ယေရှုသည် ကြွတော်မူ၍ ယခင်ကအတိုင်း ဆုတောင်းတော်မူ၏။ မြန်မာ တစ်ဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။- |
ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဤကိစ္စနှင့်ပတ်သက်၍ ၎င်းကို ငါ့ထံမှဖယ်ရှားပေးပါမည့်အကြောင်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါတောင်းလျှောက်ခဲ့၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။