အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
ရှင်မာကု 14:33 - မြန်မာ့စံမီသမ္မာကျမ်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့် Common Language Bible ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊- Garrad Bible ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန် တို့ ကို ခေါ် သွား ပြီး လျှင် အံ့ အား သင့် ခြင်း၊ ပူ ဆွေး ခြင်း ဖြစ် သ ဖြင့်၊ Judson Bible ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် အလွန်စိတ်ပူပင်သောကရောက်တော်မူသဖြင့် မြန်မာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- |
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။
သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။
လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် အလွန်အံ့သြလျက် ပြေးလာ၍ ကိုယ်တော်ကိုနှုတ်ဆက်ကြ၏။
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုသာခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။