ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
ရှင်မာကု 13:20 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။ Common Language Bible ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။ Garrad Bible ထို ရက် တာ ကို ထာ ဝ ရ ဘု ရား ကျုံ့ စေ တော် မ မူ လျှင် မည် သူ မျှ ဘေး လွတ် မည် မ ဟုတ်။ သို့ သော် လည်း ရွေး ချယ် ကောက် ထား တော် မူ သော သူ တို့ အ တွက် ကျုံ့ စေ တော် မူ ပြီ။ Judson Bible ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ သခင်ဘုရားသည် ထိုနေ့ရက်ကာလများကို တိုတောင်းစေတော်မမူလျှင် မည်သူမျှ အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။ သို့ရာတွင် ကိုယ်တော်သည် မိမိရွေးချယ်ထားတော်မူသောသူများအတွက် ထိုနေ့ရက်များကို တိုတောင်းစေတော်မူမည်။ မြန်မာ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသည့် ဖန်ဆင်းခံလောက၏အစအဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ကျရောက်လိမ့်မည်။
ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။