ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
ရှင်မာကု 11:32 - မြန်မာ့စံမီသမ္မာကျမ်း ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်းမဖြစ်”ဟု ဆိုကြ၏။ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ဖြစ်သည်ဟု အမှန်ပင် မှတ်ယူကြသောကြောင့် သူတို့သည် လူထုပရိသတ်ကိုကြောက်ကြ၏။ Common Language Bible သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)- Garrad Bible လူ တို့ မှ ဖြစ် လာ ကြောင်း ဖြေ ကြ ကုန် အံ့ ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ သော် လည်း ယော ဟန် သည် ပ ရော ဖက် မှန် ကြောင်း ရှိ သ မျှ တို့ မှတ် ယူ ကြ သည် နှင့် ပြည် သူ ပြည် သား တို့ ကို ကြောက် ရွံ့ သော ကြောင့် ငါ တို့ မ သိ ဟု ယေ ရှု အား ဖြေ ဆို ကြ ၏။ Judson Bible လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။ မြန်မာ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- |
ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်တို့သည် ကိုယ်တော်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။
ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။
ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။
အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။
ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် သူတို့သည် လူတို့ကိုကြောက်ကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။
လူများစွာတို့သည် ကိုယ်တော်ထံသို့ရောက်လာ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သောအရာအားလုံးတို့သည် မှန်ပေ၏”ဟု ဆိုကြ၏။
ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ