ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ရှင်မာကု 11:23 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျက် မိမိစိတ်နှလုံးထဲ၌ သံသယကင်းမဲ့ကာ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။- Garrad Bible မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် သံသယစိတ်မထားဘဲ မိမိပြောသည့်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက် ဤတောင်ကို ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။ မြန်မာ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။- |
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။
သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။
ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်း ငါ၏နာမ၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။