သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
ရှင်မာကု 10:44 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အားလုံး၏အစေအပါးဖြစ်ရမည်။ Common Language Bible အကြီးမြတ်ဆုံးဖြစ်လိုသူသည်လူခပ်သိမ်း တို့၏ကျွန်ဖြစ်ရမည်။- Garrad Bible အ ဦး ဆုံး ကျ လို သူ လည်း အား လုံး တို့ ထံ ကျွန် ခံ စေ။ Judson Bible သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အထွတ်အမြတ်ဖြစ်လိုသောသူသည် အားလုံး၏ ကျွန်ဖြစ်ရမည်။ မြန်မာ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- |
သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။
သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။
အကြောင်းမူကား လူ့သားသည်လည်း လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာ၏”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင်“မည်သူမဆို ပထမဦးဆုံးဖြစ်လိုလျှင် အားလုံးတွင် နောက်ဆုံးဖြစ်ပြီး အားလုံး၏အစေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍