အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
ရောမ 8:12 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်ရန် သွေးသားဇာတိအပေါ် တာဝန်ရှိသည်မဟုတ်။ Common Language Bible ထို့ကြောင့်ညီအစ်ကိုတို့၊ ငါတို့၌တာဝန်ရှိ သော်လည်း ယင်းတာဝန်မှာလူ့ဇာတိအလို သို့လိုက်၍ပြုမူကျင့်ကြံရန်မဟုတ်။- Garrad Bible သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ငါ တို့၌ တာ ဝန် ရှိ သည် မှန် သော် လည်း ရုပ် ခ န္ဓာ အ လျောက် နေ ထိုင် ရန် မ ဟုတ်။ Judson Bible သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်ရန် တာဝန်ရှိသည်မဟုတ်။ |
အို ထာဝရဘုရား၊ အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး၊ ကိုယ်တော့်ကျွန်မ၏သားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ခံရသော အချည်အနှောင်များမှ ကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပြီ။
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။