ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
ရောမ 7:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။ Common Language Bible အပြစ်တရားသည်အခွင့်ရကာပညတ်တော် အားဖြင့် ငါ့ကိုလှည့်စား၍ငါ့အားသေစေ ၏။ Garrad Bible ပ ညတ် တော် ကြောင့် အ ခွင့် ရ သော အ ပြစ် တ ရား သည် ငါ့ ကို လှည့် ဖြား၍ ကွပ် မျက် လေ၏။ Judson Bible အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ ကျွန်ုပ်ကို လှည့်ဖြား၏။ ထိုပညတ်တော်ကို အသုံးပြု၍ ကျွန်ုပ်ကို သေစေ၏။ |
ထာဝရအရှင်ဘုရားသခင်ကလည်း မိန်းမအား “သင်ပြုသောဤအမှုကား မည်သို့နည်း”ဟု မိန့်တော်မူလျှင် မိန်းမက “မြွေသည် အကျွန်ုပ်ကိုလှည့်စား၍ အကျွန်ုပ်စားမိပါသည်”ဟု လျှောက်လေ၏။
သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။
သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
သင်တို့တွင် အပြစ်တရား၏လှည့်ဖြားမှုကြောင့် မည်သူမျှ စိတ်နှလုံးမာကျောခြင်းမရှိစေရန် ယနေ့ဟုခေါ်ရသောအချိန်ရှိနေသရွေ့ နေ့စဉ် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။
နှုတ်ကပတ်တော်ကို လိုက်နာကျင့်သုံးသောသူများဖြစ်ကြလော့။ မိမိတို့ကိုယ်ကိုလှည့်စား၍ ကြားနာသူသက်သက်မဖြစ်ကြနှင့်။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။