အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ရောမ 4:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဤယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ Common Language Bible ထိုသို့ယုံကြည်မှုကြောင့်ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံတော် မူ၏။- Garrad Bible ထို ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ၏။ Judson Bible ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ |
အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။
ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။
ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင်