သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
ရောမ 3:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။ Common Language Bible သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။ သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။ မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။ Garrad Bible သူ တို့ လည် ချောင်း သည် ပွင့် နေ သော သ သင်္ချိုင်း ဂူ သ ဖွယ် ဖြစ် လျက် လျှာ နှင့် လှည့် ဖျား သည့် ပြင် နှုတ် ခမ်း တွင် လည်း မြွေ ဆိုး အ ဆိပ် ရှိ ၏။ Judson Bible သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းဂူဖြစ်၏။ သူတို့၏ လျှာသည် လှည့်ဖြားတတ်၏။ သူတို့၏နှုတ်ခမ်းတွင် မြွေဆိုးအဆိပ်ရှိ၏။ |
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့ ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
သူတို့၏မြားကျည်တောက်သည် ပွင့်နေသောသင်္ချိုင်းဂူကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ခွန်အားကြီးသောသူများဖြစ်ကြ၏။
ငါမမိန့်မှာသော်လည်း ထာဝရဘုရား မိန့်တော်မူသည်ဟု သင်တို့ဆိုလျက် မဟုတ်မမှန်သောစိတ်အာရုံကိုမြင်၍ လိမ်လည်ပြောဆိုကြပြီမဟုတ်လော’ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် လမ်းလွဲကြ၍ တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။
သူတို့၏စပျစ်ဝိုင်သည် မြွေနဂါး၏အဆိပ်၊ မြွေဟောက်၏ပြင်းထန်သောအဆိပ်ဖြစ်၏။