အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
ရောမ 15:27 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။ Common Language Bible ယင်းသို့သူတို့ဆုံးဖြတ်ကြသည်မှာမိမိတို့စေ တနာအလျောက်သာလျှင်ဖြစ်ပေသည်။ အမှန်အား ဖြင့်ဆိုသော်ထိုဆင်းရဲသောသူတို့အားကူညီ မစရန်သူတို့မှာတာဝန်ရှိ၏။ ယုဒအမျိုးသား တို့သည်မိမိတို့ခံစားရသည့်ဝိညာဉ်ဆုကျေးဇူး များကိုလူမျိုးခြားတို့အားဝေမျှကြသည်ဖြစ်ရာ လူမျိုးခြားတို့ကလည်းယုဒအမျိုးသားတို့အား စားဝတ်နေရေးကိစ္စတွင်အကူအညီပေးသင့် ကြပေသည်။- Garrad Bible စေ တ နာ အ လျောက် ဆို သော် လည်း နာမ် ဝိ ညာဉ် ဆိုင် ရာ ဒါ န ကို လူ မျိုး ခြား တို့ ဆက် ဆံ ခွင့် ရ ကြ လျှင် ရုပ် ခ န္ဓာ ဆိုင် ရာ ဝတ် တုံ့ ပြု ရန် တာ ဝန် ရှိ ကြ ၏။ Judson Bible စေတနာစိတ်ရှိသည်ဟု ဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူ ဖြစ်ကြ၏။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် စေတနာစိတ်နှင့် လှူဒါန်းသကဲ့သို့ သူတို့၌ ကျေးဇူးတုံ့ပြန်ရန် တာဝန်ရှိသည်ဟုလည်း ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သောသူများထံမှ ဝိညာဉ်ရေးရာ ကောင်းချီးများကို ဝေမျှခံစားရလျှင် သူတို့ဘက်မှလည်း ငွေကြေးအားဖြင့် ကူညီသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။ |
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
ငါပေါလုသည် ပြန်လည်ပေးဆပ်ပါမည်ဟု ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်လည်း ငါ့အား အကြွေးတင်နေကြောင်းကို ငါမပြောလိုပါ။