ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။
ရောမ 15:1 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။ Common Language Bible ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။- Garrad Bible စိတ် သန် သော ငါ တို့ သည် စိတ် နုန့် သူ တို့၏ အား နည်း ခြင်း ဝန် များ ကို ထမ်း သင့်၏။ ကိုယ့် စိတ် တွေ့ တိုင်း မ ပြု ဘဲ အ သီး အ သီး တို့ သည်၊ Judson Bible သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။ |
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။
အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။
ဘုရားသခင်၏ကတိတော်အပေါ်၌ ယုံမှားသံသယမရှိဘဲ ယုံကြည်ခြင်းအားကြီးလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
သို့ဖြစ်၍ ခရစ်တော်ကြောင့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ခက်ခဲကျပ်တည်းခြင်း၊ ညှဉ်းဆဲခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။