ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
ရောမ 14:22 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာရှိ၏။ Common Language Bible ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။- Garrad Bible သင့် စိတ် ချ ခြင်း သည် ဘု ရား သ ခင့် ရှေ့ ကိုယ် တွင် သာ ရှိ စေ လော့။ ကိုယ့် သ ဘော ကျ ရာ နှင့် စပ်၍ ကိုယ် ကို စီ ရင် ခြင်း ကင်း သော သူ သည် မင်္ဂ လာ ရှိ ၏။ Judson Bible သင်သည် ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။ |
ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။
ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။
သို့သော် သံသယရှိသောစိတ်နှင့်စားလျှင် ယုံကြည်ခြင်းအားဖြင့်မဟုတ်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရ၏။ ယုံကြည်ခြင်းအားဖြင့်မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။
အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှလုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။
ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။
သို့သော် လူတိုင်း၌ ဤအသိပညာရှိသည်မဟုတ်။ လူအချို့တို့သည် ရုပ်တုကိုးကွယ်သည့်အလေ့အထရှိခဲ့သည်ဖြစ်၍ ထိုအသားကိုစားသောအခါ ယခုအထိပင် ရုပ်တုအားပူဇော်ထားသောအရာများအဖြစ်စားကြသဖြင့် သူတို့၏အားနည်းသည့်အသိစိတ်သည် မသိုးမသန့်ဖြစ်ရ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။
ချစ်ရသောသူတို့၊ ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်မတင်လျှင် ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြပြီး