ရောမ 14:22 - Common Language Bible22 ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 သင့် စိတ် ချ ခြင်း သည် ဘု ရား သ ခင့် ရှေ့ ကိုယ် တွင် သာ ရှိ စေ လော့။ ကိုယ့် သ ဘော ကျ ရာ နှင့် စပ်၍ ကိုယ် ကို စီ ရင် ခြင်း ကင်း သော သူ သည် မင်္ဂ လာ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 သင်သည် ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-