သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
ရောမ 11:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူမျိုးခြားဖြစ်သောသင်တို့အား ငါပြောလိုသည်မှာ ငါသည် လူမျိုးခြားနှင့်ဆိုင်သော တမန်တော်ဖြစ်သည့်အလျောက် ငါ၏အမှုတော်လုပ်ငန်းကို ဂုဏ်ယူလျက် Common Language Bible လူမျိုးခြားဖြစ်သူသင်တို့အားယခုငါပြော လို၏။ ငါသည်လူမျိုးခြားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည့်ကာလပတ်လုံးမိမိ ၏အလုပ်တွင်ဂုဏ်ယူဝါကြွားမည်။- Garrad Bible လူ မျိုး ခြား ဖြစ် သူ သင် တို့ အား ဆို သော ငါ သည် လူ မျိုး ခြား တို့ ဆိုင် ရာ တ မန် တော် ဖြစ် သည့် အ လျောက်၊ ထို ရာ ထူး ကို ဂုဏ် တင် သည် မှာ ကိုယ့် အ မျိုး သား ချင်း တို့၌ အား ကျ သော သ ဘော ဖြစ် ပွား စေ၍ အ ချို့ ကို ကယ် တင် ခွင့် ရ ကောင်း ရ လိမ့် မည် ဟု မျှော် လင့်၏။ Judson Bible ထိုသို့ဆိုသော်၊ ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့် အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏စိတ်ကို တစ်ခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှာ၊ တစ်ပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားဖြစ်သော သင်တို့ကို ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် လူမျိုးခြားတို့၏ တမန်တော်ဖြစ်သည့်အလျောက် ထိုရာထူးကို ဂုဏ်ယူလျက် |
သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။