မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
ရောမ 1:31 - မြန်မာ့စံမီသမ္မာကျမ်း အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။ Common Language Bible သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။- Garrad Bible ဉာဏ် တုံး သူ၊ သ စ္စာ ဖျက် သူ၊ သင်္ဂ ဟ ကင်း သူ၊ က ရု ဏာ မဲ့ သူ များ ဖြစ် ကြ သည့် အ လျောက်၊ Judson Bible မိဘ သားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အသိတရားမရှိကြ၊ ကတိမတည်ကြ၊ သနားကြင်နာစိတ် မရှိကြ၊ ကရုဏာစိတ်လည်းမရှိကြ။ |
မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
လမ်းမပေါ်တွင် လူသူကင်းမဲ့၏။ လမ်းပေါ်တွင် လူသွားလူလာမရှိ။ ပဋိညာဉ်ကို ချိုးဖောက်လေပြီ။ မြို့များကိုပမာဏမပြု။ လူကိုအလေးမထား။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ မိမိစိတ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုကိုမုန်းသောသူ၊