သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
ရုသ 4:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရွေးနုတ်ခွင့်ရှိသူက ဗောဇအား “သင်သာ ဝယ်ယူပါ”ဟု ဆိုပြီးလျှင် မိမိ၏ဖိနပ်ကို ချွတ်၏။ Common Language Bible သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။- Garrad Bible သို့ ဖြစ်၍ ဗော ဇ အား ရွေး ပိုင် သူ က၊ ကိုယ် တိုင် ဝယ် ပါ တော့ ဟု ဆို လျက် စီး သော ဖိ နပ် ကို ချွတ် ပေး ရာ Judson Bible သို့ဖြစ်၍ အမျိုးသားချင်းက၊ ကိုယ်အဖို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။ |
သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် ရွေးနုတ်ခြင်းအမှု၊ လဲလှယ်ခြင်းအမှုတို့ကို အတည်ပြုရန် တစ်ဦးက အခြားတစ်ဦးအား မိမိ၏ဖိနပ်ကို ချွတ်ပေးရလေ့ရှိသည်မှာ အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးတမ်း ဖြစ်၏။
ထိုအခါ ဗောဇက သက်ကြီးဝါကြီးနှင့် လူအပေါင်းတို့အား “ဧလိမလက်ပိုင်သမျှ၊ ခိလျုန်နှင့် မဟာလုန်ပိုင်သမျှကို ယနေ့ နောမိလက်မှ အကျွန်ုပ်ဝယ်ယူကြောင်း သင်တို့သည် သက်သေများဖြစ်ကြ၏။