ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။
ရုသ 4:5 - မြန်မာ့စံမီသမ္မာကျမ်း ဗောဇကလည်း “နောမိလက်မှ မြေကွက်ကိုဝယ်မည်ဆိုလျှင် သေလွန်သူ၏မယား မောဘအမျိုးသမီးရုသကိုပါ ဝယ်ယူရမည်။ သို့မှ သေလွန်သူ၏အမွေမြေကို သူ့အမည်ဖြင့် ဆက်လက်တည်စေမည်ဖြစ်သည်”ဟု ဆိုလျှင် Common Language Bible ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။ Garrad Bible ဗော ဇ က၊ ထို မြေ ကွက် ကို နော မိ လက် မှ ဝယ် မည့် နေ့ ရက်၌ သေ လွန် သူ၏ အ မည် ကို ကိုယ့် အ မွေ စု တွင် တည် စေ ရန် သေ လွန် သူ့ မ ယား မော ဘ ပြည် သူ ရု သ ကို ဝယ် ယူ ရဦး မည် ဟု ဆို သော် ရွေး ပိုင် သူ က၊ Judson Bible ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှ ဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကို ထောက်မခြင်းငှာ၊ သူ၏မယား မောဘအမျိုးသမီး ရုသကိုလည်း ဝယ်ရသေးသည်ဟုဆိုသော်၊ |
ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။
“ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည်ဟု မောရှေညွှန်ကြားခဲ့ပါသည်။
“ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ဖွားစေရန် ထိုမိန်းမကိုယူရမည်ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။