ရုသ 4:18 - မြန်မာ့စံမီသမ္မာကျမ်း ဖာရက်၏ဆွေစဉ်မျိုးဆက်စာရင်းကား ဤသို့ဖြစ်၏။ ဖာရက်၏သား ဟေဇရုန်၊ Common Language Bible ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။ Garrad Bible ဖာ ရက် သား စဉ် မြေး ဆက် မှာ မူ ဖာ ရက် သား၊ ဟေ ဇ ရုံ၊ ဟေ ဇ ရုံ သား၊ အာ ရံ။ Judson Bible ဖာရက်၏ သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သား ဟေဇရုံ၊ |
နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံ၏သား၊ အာရံသည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား၊
ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။
အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။