သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ရုသ 3:12 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ရွေးနုတ်ခွင့်ရှိသူ မှန်သော်လည်း ငါ့ထက် ပို၍ရွေးနုတ်ခွင့်ရှိသူတစ်ဦး ရှိသေး၏။ Common Language Bible ငါသည်သင်၏ဆွေမျိုးအရင်းအချာဖြစ်၍ သင်၏အတွက်တာဝန်ရှိသည်ကားမှန်၏။ သို့ ရာတွင်ငါ့ထက်ပင်ပို၍ရင်းချာသည့်ဆွေ မျိုးတစ်ဦးရှိပါသေးသည်။- Garrad Bible ငါ သည် ရွေး ပိုင် သူ မှန် ငြား သော် လည်း ငါ့ ထက် သာ၍ ရင်း သော ရွေး ပိုင် သူ တစ် ဦး ရှိ သေး၏။ Judson Bible ငါသည်ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက် ရှိသေး၏။ |
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
ယခုမှာ ငါ့သမီး၊ ဘာမျှမစိုးရိမ်နှင့်။ သင်တောင်းသမျှကို ငါပြုပေးမည်။ သင်သည် အကျင့်သီလနှင့်ပြည့်စုံသောအမျိုးသမီးဖြစ်ကြောင်းကို ဤတစ်မြို့လုံးရှိငါတို့လူမျိုးတို့ သိကြ၏။
ဤညတွင် အိပ်ဦးလော့။ နံနက်ရောက်မှ ထိုသူသည် သင့်ကို ရွေးနုတ်မည်ဆိုလျှင် ရွေးနုတ်ပါစေ။ ကောင်းပါ၏။ အကယ်၍ သူမရွေးနုတ်လျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကို ငါရွေးနုတ်မည်။ ယခုမူ နံနက်တိုင်အောင် အိပ်ဦးလော့”ဟု ဆို၏။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။
သင့်ကို ပြောပြသင့်သည်ထင်ပါ၏။ ယခု ဤနေရာတွင်ထိုင်နေသောသူတို့နှင့် မြို့သားသက်ကြီးဝါကြီးတို့ရှေ့တွင် ဝယ်ပါ။ သင်ရွေးနုတ်လိုလျှင် ရွေးနုတ်ပါ။ မရွေးနုတ်လိုလျှင် အကျွန်ုပ်ကိုပြောပါ။ သင်နှင့် ကျွန်ုပ်မှလွဲ၍ ရွေးနုတ်ပိုင်သူမရှိ။ သင်အလျင် ရွေးနုတ်ပိုင်ခွင့်ရှိသည်။ သင်မရွေးနုတ်လျှင် ကျွန်ုပ်ရွေးနုတ်မည်”ဟု ဆိုလျှင် ထိုသူက “ကျွန်ုပ်ရွေးနုတ်ပါမည်”ဟု ဆို၏။