ထို့နောက် မဟာလုန်နှင့် ခိလျုန် နှစ်ယောက်စလုံးလည်း သေဆုံးသွားသဖြင့် နောမိသည် သားနှစ်ယောက်မရှိ၊ ခင်ပွန်းသည်မရှိဘဲ ကျန်ရစ်ခဲ့ရ၏။
မဟာလုန်နှင့်ခိလျှုန်တို့သည်လည်းကွယ်လွန် သွားကြပြန်၏။ သို့ဖြစ်၍နောမိသည်လင် သားမဲ့အထီးကျန်ဖြစ်လေတော့၏။
မ ဟာ လုန် နှင့် ခိ လျုန် နှစ် ဦး လုံး ကွယ် လွန် ပြန် သ ဖြင့်၊ နော မိ သည် သား လင် မဲ့ လျက် ကျန် ရစ် လေ သော်၊
ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
ထိုသားနှစ်ယောက်သည် ဩရပ၊ ရုသ အမည်ရှိသောမောဘသမီးပျိုတို့နှင့် စုံဖက်ပြီး မောဘပြည်၌ ဆယ်နှစ်ခန့် နေထိုင်ကြ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။