နောမိ၏ခင်ပွန်း ဧလိမလက် သေဆုံးသွားသဖြင့် သူသည် သားနှစ်ယောက်နှင့် ကျန်ရစ်ခဲ့၏။
ဧလိမလက်ကွယ်လွန်သွားသဖြင့် နောမိ သည်သားနှစ်ယောက်နှင့်ကျန်ရစ်လေသည်။-
နော မိ ၏ ခင် ပွန်း ကွယ် လွန် သ ဖြင့် မ ယား နှင့် သား နှစ် ယောက် တို့ ကျန် ရစ် ကြ ၏။
နောမိ၏ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခအားလုံးထဲမှ သူ့ကို ထာဝရဘုရားကယ်နုတ်တော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။
ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
ထိုသားနှစ်ယောက်သည် ဩရပ၊ ရုသ အမည်ရှိသောမောဘသမီးပျိုတို့နှင့် စုံဖက်ပြီး မောဘပြည်၌ ဆယ်နှစ်ခန့် နေထိုင်ကြ၏။