ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး
ယေရမိ 9:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြည့်ရှုလော့။ ကိုယ်ကာယအရေဖျားလှီးခြင်းကိုသာခံသောသူရှိသမျှအား အပြစ်ဒဏ်ပေးမည့်နေ့ရက် ရောက်လာမည်။ Common Language Bible ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ လူ မျိုး ခြား အ ပေါင်း တို့ နှင့် တ ကွ၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ စိတ် နှ လုံး ၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို မ ခံ ဘဲ နေ ကြ သော ကြောင့်၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ဖူး ရာ၌၊ မ ခံ သ ကဲ့ သို့ ဖြစ် သော အိဂျစ်၊ ယု ဒ၊ ဧ ဒုံ၊ အ မ္မုန်၊ မော ဘ အ မျိုး သား တို့ ကို လည်း ကောင်း၊ သဲ တော နေ န ဖူး ထိပ် ဆံ ရိတ် သူ အ ပေါင်း တို့ ကို လည်း ကောင်း၊ အ စီ အ ရင် ငါ လာ သော နေ့ ရက် ကာ လ ရောက် တော့ မည် ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊ |
ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး
ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ အရေဖျားလှီးခြင်းကိုခံ၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရားထံဆက်ကပ်ကြလော့။ သင်တို့၏စိတ်နှလုံးအရေဖျားကို ဖယ်ရှားကြလော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ မည်သူမျှမငြှိမ်းနိုင်အောင် တောက်လောင်လိမ့်မည်။
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
အရေဖျားလှီးခြင်းမခံသောသူတို့ကဲ့သို့ သင်သည် တစ်ပါးအမျိုးသားတို့လက်တွင် သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ငါသည်လည်း သူတို့ကိုပြန်ဆန့်ကျင်၍ ရန်သူတို့၏ပြည်သို့ နှင်ထုတ်လိုက်သောအခါ သူတို့သည် အရေဖျားလှီးခြင်းမခံသောစိတ်နှလုံးကို နှိမ့်ချပြီး ကိုယ့်အပြစ်အတွက် ပြန်လည်ပေးဆပ်မည်ဆိုလျှင်
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင်ပန်းအားဖြင့် ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအစစ်အမှန်မဟုတ်။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။