သေမင်းသည် လမ်းပေါ်မှကလေးသူငယ်များ၊ ကွင်းပြင်မှလူပျိုများကို ဖျက်ဆီးရန် ပြတင်းပေါက်ကို ကျော်တက်လာပြီ။ ခံတပ်များထဲသို့ ဝင်လာပြီ။
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
ပြင် ပ ရှိ သူ ငယ် တို့ နှင့်၊ လမ်း များ ရှိ လူ ပျို တို့ ကို ပယ် ရှား အံ့ သော ငှာ၊ သေ မင်း သည် ငါ တို့ လေ သာ ပြူ တင်း များ သို့ တက် လာ ၍၊ ဘုံ ဗိ မာန် များ အ တွင်း ဝင် ရောက် ခဲ့ လေ စွ။
သေမင်းသည် ငါတို့ပြတင်းပေါက်သို့တက်၍၊ ငါတို့ ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။
ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အဘယ်ကြောင့် ဤဘေးအန္တရာယ်ကြီးကို သင်တို့အပေါ်ကျရောက်စေရသနည်း။ ယုဒပြည်တွင် ယောက်ျား၊ မိန်းမ၊ ကလေး၊ နို့စို့သူငယ်တစ်ယောက်မျှမကြွင်းမကျန် သုတ်သင်ပယ်ရှင်းခံရလေပြီ။
ထို့ကြောင့် ထာဝရဘုရားက “လူပျိုတို့သည် လမ်းမများ၌ လဲကျကြလိမ့်မည်။ ထိုနေ့ရက်၌ စစ်သူရဲအပေါင်းတို့ ကျဆုံးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးရှေ့တွင် ခလုတ်တံသင်းကိုချထားမည်။ အဖေနှင့်သားတို့သည် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အိမ်နီးနားချင်းနှင့်အပေါင်းအဖော်တို့သည် ပျက်စီးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် မြို့ထဲတွင် ကဆုန်ပေါက်နေကြ၏။ မြို့ရိုးပေါ်တွင် ပြေးလွှားနေကြ၏။ သူခိုးကဲ့သို့ပြတင်းပေါက်ကို ကျော်ပြီး အိမ်ပေါ်သို့တက်ကြ၏။
အစ္စရေးအပျိုကညာသည် ပြန်မထနိုင်အောင် လဲကျလေပြီ။ နေရင်းပြည်တွင် စွန့်ပစ်ခြင်းခံရပြီ။ သူ့ကိုထူမမည့်သူတစ်ယောက်မျှမရှိ။
အိမ်တစ်အိမ်တွင် လူဆယ်ယောက်ကျန်လျှင် အားလုံးသေရမည်။
“ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”