Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 50:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထို့ကြောင့် ထာဝရဘုရား​က “လူပျို​တို့​သည် လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့ ကျဆုံး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​မြို့​လမ်း များ​ပေါ်​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ တို့​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည် လည်း​ထို​နေ့​၌​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 သို့ နှင့် အ ညီ၊ လက် ရွေး သူ တို့ သည်၊ လမ်း ဆုံ များ၌ ကျ ဆုံး ခြင်း၊ စစ် သူ ရဲ အ ပေါင်း တို့ လည်း၊ ပယ် ရှား ခြင်း ကို၊ ထို နေ့ ရက် ခံ ရ ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​ကြောင့်၊ မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ​နေ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:30
10 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူ​တို့​၏​သားသမီး​များ​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​နှင့် ကြုံတွေ့​စေ​ပါ​၊ ဓား​ဖြင့်​ကျဆုံး​စေ​ပါ​။ သူ​တို့​၏​မိန်းမ​များ​ကို သားသမီး​များ​ဆုံးပါး​စေ​ပါ​၊ မုဆိုးမ​ဖြစ်​စေ​ပါ​။ ယောက်ျား​တို့​ကို သေမင်း​လက်​သို့​ရောက်​စေ​ပါ​။ လူပျို​တို့​ကို တိုက်ပွဲ​၌ ဓား​ဖြင့်​သေ​စေ​ပါ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​မောဘ​ပြည် ပျက်စီး​ပြီ​။ မောဘ​မြို့​များ​သို့ ရန်သူ​ချီလာ​ပြီ​။ ရဲစွမ်းသတ္တိ​ရှိ​သော​လူငယ်​တို့​သည် အသတ်ခံ​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် လူပျို​တို့​သည် မြို့​လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့​သည် ကျဆုံး​ကြ​လိမ့်မည်​။


ဓားဘေး​ကြောင့် ပရောဖက်​အတုအယောင်​တို့​သည် ရူးသွပ်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် စစ်သူရဲ​တို့ ကြောက်လန့်​ကြ​လိမ့်မည်​။


သေမင်း​သည် လမ်း​ပေါ်မှ​ကလေးသူငယ်​များ​၊ ကွင်းပြင်​မှ​လူပျို​များ​ကို ဖျက်ဆီး​ရန် ပြတင်းပေါက်​ကို ကျော်တက်​လာ​ပြီ​။ ခံတပ်​များ​ထဲသို့ ဝင်လာ​ပြီ​။


ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။


ထိုအခါ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ၊ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ၊ ချမ်းသာ​သော​သူ​များ၊ ခွန်အား​ကြီး​သော​သူ​များ​မှစ၍ ကျွန်​နှင့်​လွတ်လပ်​သူ​ရှိသမျှ​တို့​သည် လိုဏ်ဂူ​တို့​၌​လည်းကောင်း၊ တောင်​များ​ပေါ်ရှိ ကျောက်ဆောင်​တို့​ကြား​၌​လည်းကောင်း ပုန်းအောင်း​ကြ​ပြီးလျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ