ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
ယေရမိ 6:29 - မြန်မာ့စံမီသမ္မာကျမ်း ဖားဖို၌ မီးတောက်နေပြီ။ ခဲကို မီးလောင်ကုန်ပြီ။ သို့သော် သန့်စင်သောသူသည် အချည်းနှီးသန့်စင်ပြီ။ ဆိုးညစ်သောသူများ မပပျောက်။ Common Language Bible သတ္တုကျိုရာမီးဖိုကြီးသည်အပူရှိန်ပြင်း ၍လာသော်လည်း သတ္တုချေးများသည်အရည် မပျော်၊ စီးမထွက်ဘဲနေသဖြင့်ငါ၏လူမျိုး တော်အားချေးညှော်ကိုဆက်လက်၍ချွတ် နေပါသော်လည်းအကျိုးမရှိ။ အဘယ် ကြောင့်ဆိုသော်ဆိုးညစ်သူတို့ကိုထုတ် ပစ်၍မရသောကြောင့်ဖြစ်၏။- Garrad Bible ဖို၌ မီး ပြင်း ထိုး၍ ချွတ် မြဲ ချွတ် သော် လည်း၊ ခဲ ကုန် ရုံ မှ တစ် ပါး၊ ထို လူ ဆိုး တို့ ကို ပယ် ရာ မ ရောက် သော ကြောင့် အ ချည်း နှီး ဖြစ် ၏။ Judson Bible ဖိုကို မီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သောသူသည်မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ်မပယ်နိုင်။ |
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
ငါကလည်း “ငါသည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ပြီ။ ငါ့ခွန်အားကိုအလဟဿ အချည်းနှီးကုန်စေပြီ။ အကယ်စင်စစ် ငါ့အတွက်တရားမျှတမှုသည် ထာဝရဘုရားထံ၌ရှိ၏။ ငါ့အတွက်ဆုလာဘ်သည် ငါ၏ဘုရားသခင်ထံ၌သာရှိ၏”ဟု ဆို၏။
ထို့ကြောင့် ထာဝရဘုရားက “သင်ပြန်လာလျှင် သင့်ကို ငါလက်ခံမည်။ ငါ့ရှေ့၌ သင်ရပ်ရလိမ့်မည်။ အကျိုးမဲ့သောစကားထက် အကျိုးရှိသောစကားကိုပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်မသွားရ။ သူတို့သည် သင်ရှိရာသို့ ပြန်လာကြလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
ထိုသို့ အပင်ပန်းခံကြိုးစားလုပ်ဆောင်သော်လည်း အထပ်ထပ်ကပ်ငြိနေသောချေးများ ကွာကျမည်မဟုတ်။ ထိုအညစ်အကြေးသည် မီးနှင့်ချွတ်၍ပင်မရနိုင်။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
ချစ်ရသောသူတို့၊ သင်တို့ကို စမ်းသပ်စစ်ဆေးရန် သင်တို့ထံကျရောက်လာသည့်ဒုက္ခမီးကို သင်တို့၌ ထူးဆန်းသောအရာဖြစ်ပျက်လာသကဲ့သို့ အံ့ဩခြင်းမရှိဘဲ
ဤသို့ဖြင့် ထိုငွေကို မိခင်အားပြန်ပေးသောအခါ မိခင်က ငွေနှစ်ရာကိုယူပြီး ပန်းထိမ်သမားအားပေး၍ ရုပ်တုကိုထွင်းထု၊ သွန်းလုပ်စေ၏။ ထိုရုပ်တုတို့ကို မိက္ခာ၏အိမ်၌ထားလေ၏။