တိုင်နှစ်တိုင်လုံး၏ထိပ်အုပ်တစ်ခုစီရှိ ရာဇမတ်ကွက်ဖော်ထားသည့်အလုံးနှင့်ဆက်သောနေရာပတ်ပတ်လည်တွင် သလဲသီးပုံအလုံးနှစ်ရာစီရှိ၏။
ယေရမိ 52:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုတိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ တိုင်အုပ်တစ်ခု၏အမြင့်မှာ ငါးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင် ကြေးနီအတိပြီးသော ရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း သလဲသီးပုံများ ပါရှိ၏။ Garrad Bible ကြေး တိုင် အုပ် အ မြင့် ငါး တောင် တွင်၊ ကြေး ကွန် ချာ နှင့် ကြေး သ လဲ သီး ပုံ များ ပါ ချယ် လယ်၏။ ဒု တိ ယ တိုင် လည်း သ လဲ သီး ပုံ များ ပါ၊ ထို နည်း တူ ပင် တည်း။ Judson Bible ကြေးဝါတိုင်ထိပ်လည်းရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည် ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့် ပြည့်စုံ၏။ |
တိုင်နှစ်တိုင်လုံး၏ထိပ်အုပ်တစ်ခုစီရှိ ရာဇမတ်ကွက်ဖော်ထားသည့်အလုံးနှင့်ဆက်သောနေရာပတ်ပတ်လည်တွင် သလဲသီးပုံအလုံးနှစ်ရာစီရှိ၏။
ထိုရာဇမတ်ကွက်နှစ်ခုကို အလှဆင်ဖို့ သလဲသီးပုံအလုံးလေးရာ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ဖို့ ရာဇမတ်ကွက်တစ်ခုစီအတွက်သလဲသီးပုံအတန်းနှစ်တန်း၊
တိုင်တစ်တိုင်စီ၏အမြင့်မှာ တစ်ဆယ့်ရှစ်တောင်ရှိပြီး တိုင်ထိပ်တွင် ကြေးနီတိုင်အုပ် ပါရှိ၏။ ထိုတိုင်အုပ်သည်လည်း အမြင့်သုံးတောင်ရှိပြီး တိုင်အုပ်ပတ်ပတ်လည်တွင်လည်း ကြေးနီအတိပြီးသောရာဇမတ်ကွက်နှင့်သလဲသီးပုံများလည်း ပါရှိ၏။ ထိုနည်းတူ ဒုတိယတိုင်တွင်လည်း ရာဇမတ်ကွက်များ ပါရှိ၏။
အိမ်တော်မျက်နှာစာတွင် အမြင့်သုံးဆယ့်ငါးတောင်ရှိသော တိုင်နှစ်တိုင်စိုက်ထူ၍ ထိုတိုင်တို့၏ထိပ်ရှိ တိုင်ထိပ်အုပ်မှာ ငါးတောင်စီမြင့်၏။
ကြိုးနှစ်ချောင်း၏ကျန်အစွန်းနှစ်ဖက်ကို ဧဖုဒ်၏ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးပေါ်ရှိ ကျောက်မျက်အိုးနှစ်ခု၌ တပ်ရမည်။