ဘေဘီလုံမြို့မှ အော်ဟစ်သံပါတကား။ ခါလဒဲပြည်မှ ကြီးမားသောပျက်စီးခြင်းပါတကား။
ထာဝရဘုရားက၊ ``ဗာဗုလုန်မြို့၌ငိုကြွေးနေကြသော အသံကိုလည်းကောင်း၊ တိုင်းပြည်ပျက်သဖြင့်ဝမ်းနည်းပူဆွေးကြသော အသံကိုလည်းကောင်းနားထောင်ကြလော့။
ဗာ ဗု လုန် မြို့ မှ အော် သံ၊ ခါ လ ဒဲ ပြည် မှ ဖျက် ဆီး ပယ် ရှား သံ ကို ကြား ရ သည် တ ကား။
ဗာဗုလုန်မြို့မှ ငိုကြွေးသံကိုလည်းကောင်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကိုလည်းကောင်း ကြားရ၏။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
ခြောက်သွေ့သောအရပ်မှ အပူရှိန်ကဲ့သို့ ဖြစ်၏။ ကိုယ်တော်သည် တစ်ပါးအမျိုးသားတို့၏ဆူညံသံကို တိတ်ဆိတ်စေတော်မူ၏။ တိမ်တိုက်၏အရိပ်အားဖြင့် အပူရှိန်လျော့ကျသွားသကဲ့သို့ ကြမ်းကြုတ်သောသူတို့၏သီချင်းသံသည် တိတ်ဆိတ်သွား၏။
ထိုပြည်၌ စစ်တိုက်သံကို ကြားရပါပြီတကား။ အကြီးအကျယ်ပျက်စီးပါပြီတကား။
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
ထိုသတင်းကိုကြားသောအခါ ဘေဘီလုံဘုရင်သည် လက်များပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် သူ့ကိုဖိစီးပြီ။ သူသည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
“ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ”ဟူသောအော်ဟစ်သံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို လူမျိုးတကာတို့ ကြားရလိမ့်မည်။
ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။