ထိုပြည်သည် ရုပ်တုပေါများရာပြည်ဖြစ်၏။ ရုပ်တုများကို အရူးအမူးစွဲလမ်းကြ၏။ ထို့ကြောင့် ထိုပြည်၌ မိုးခေါင်လေပြီ၊ ရေများခန်းခြောက်လေပြီ။
ယေရမိ 51:52 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေဘီလုံပြည်ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ရက်ရောက်လာသောအခါ ထိုပြည်တစ်ပြည်လုံးတွင် ဒဏ်ရာရသောသူများ ညည်းတွားလျက်ရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထို့ကြောင့်ဗာဗုလုန်ပြည်ရှိရုပ်တုများ ကိုငါအပြစ်ဒဏ်စီရင်၍ တစ်တိုင်းတစ် ပြည်လုံးတွင်ဒဏ်ရာရရှိသူတို့ငြီးတွား ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။- Garrad Bible သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ထို မြို့ ရှိ ရုပ် ပွား ဆင်း တု များ အ ပေါ် သို့ ငါ ဒဏ် ခတ် သ ဖြင့်၊ ပြည် လုံး အ တွင်း လုပ် ကြံ ခံ ရ သူ တို့ ညည်း တွား ကြ ရ သော နေ့ ရက် ကာ လ ရောက် တော့ မည်။ Judson Bible သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည်ဒဏ်ပေး၍၊ တစ်ပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသောအချိန် ရောက်လိမ့်မည်။ |
ထိုပြည်သည် ရုပ်တုပေါများရာပြည်ဖြစ်၏။ ရုပ်တုများကို အရူးအမူးစွဲလမ်းကြ၏။ ထို့ကြောင့် ထိုပြည်၌ မိုးခေါင်လေပြီ၊ ရေများခန်းခြောက်လေပြီ။
ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။
ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ဘေဘီလုံဘုရင်၏လက်ရုံးကို ခိုင်ခံ့စေ၍ ငါ့ဓားကို သူ့လက်သို့အပ်မည်။ သို့သော် ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးသဖြင့် သူသည် ဘေဘီလုံဘုရင်ရှေ့တွင် သေလုမြောပါးဒဏ်ရာရသူညည်းတွားသကဲ့သို့ ညည်းတွားရလိမ့်မည်။