အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
ယေရမိ 51:51 - မြန်မာ့စံမီသမ္မာကျမ်း ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။ Common Language Bible သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။- Garrad Bible ကဲ့ ရဲ့ ခြင်း စ ကား ကို ကြား ရ သည့် အ တွက် ငါ တို့ အ ရှက် ရ ကြ၏။ ဗိ မာန် တော် ၏ သန့် ရှင်း ရာ ဌာ န များ အ တွင်း သို့၊ လူ စိမ်း ဝင် ရောက် သော ကြောင့်၊ ရှက် ၍ မျက် နှာ ဝှက် ရ ကြ လေ စွ။ Judson Bible ငါတို့သည် ကဲ့ရဲ့သောအသံကို ကြားသောကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက် နေရကြပါ၏။ တစ်ပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာအရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။ |
အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်ကြရ၍ သူတို့၏အရှက်ကွဲခြင်းသည် ဝတ်လုံကဲ့သို့ သူတို့ကိုဖုံးလွှမ်းလိမ့်မည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍ ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။ ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။
မြောက်ဘက်အရပ်ရှိ ရပ်နီး၊ ရပ်ဝေးဘုရင်အားလုံးကို တစ်ပါးပြီးတစ်ပါး သောက်စေ၏။ ကမ္ဘာမြေပြင်ပေါ်ရှိ ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကိုလည်း သောက်စေ၏။ နောက်ဆုံး ရှေရှက်ဘုရင်လည်း သောက်ရ၏။
အကျွန်ုပ်လမ်းလွဲပြီးမှ အမှန်ပင် နောင်တရပါပြီ။ သွန်သင်ခြင်းခံရပြီးမှ အကျွန်ုပ်သည် ရင်ထုမနာဖြစ်ရပါ၏။ အကျွန်ုပ်သည် ငယ်ရွယ်စဉ်၌ ကဲ့ရဲ့ပြစ်တင်စရာဖြစ်သောကြောင့် အရှက်ကွဲရပါ၏။ အသရေပျက်ရပါ၏”ဟူ၍ မြည်တမ်းသည်ကို ငါသေချာစွာကြားရ၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
သစ်သီးဝလံနှင့် ကောက်ပဲသီးနှံတို့ကို ပေါကြွယ်ဝစေမည်။ သို့မှ အငတ်ဘေးကြောင့် လူမျိုးခြားတို့ကဲ့ရဲ့ခြင်းကို သင်တို့ကြုံရတော့မည်မဟုတ်။
လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။
“သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။
သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။
ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။