ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ယေရမိ 51:46 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။ Common Language Bible သင်တို့ကြားကြရသည့်ကောလဟလ သတင်းများကြောင့်မကြောက်ကြနှင့်။ အား လည်းမငယ်ကြနှင့်။ နှစ်စဉ်နှစ်တိုင်းသတင်း အမျိုးမျိုးပေါ်ထွက်လာတတ်၏။ နိုင်ငံအတွင်း အကြမ်းဖက်သည့်သတင်းများ၊ ဘုရင်တစ် ပါးနှင့်တစ်ပါးစစ်ဖြစ်ပွားသည့်သတင်း များပျံ့နှံ့လာတတ်၏။- Garrad Bible မင်း တစ် ပါး နှင့် တစ် ပါး တိုက် ခိုက် ခြင်း၊ နေ ပြည် အ တွင်း အ ဓ္ဓ မ ပြု ခြင်း သ တင်း ကို၊ တစ် နှစ် နောက် တစ် နှစ် ကြား ရ သော် လည်း၊ စိတ် ပျက် ကြောက် ရွံ့ ခြင်း ကင်း လျက် နေ ကြ လော့။ Judson Bible ထိုပြည်၌ကြားရသော သတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်း မရှိကြနှင့်။ တစ်နှစ်ထက်တစ်နှစ် သတင်းကြားရလိမ့်မည်။ မင်းချင်းတစ်ယောက်ကိုတစ်ယောက်လုယူ၍ ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။ |
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။
ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။
သင်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ စိတ်အားလျော့လျှင် သင်၏ခွန်အားသည် နည်းလိမ့်မည်။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။
အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ သင်နှင့်အတူ ငါရှိမည်။ သင့်ကို ငါနှင်ထုတ်၍ သင်ရောက်လေရာအရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။