အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။
ယေရမိ 50:44 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။ Common Language Bible ``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။- Garrad Bible မင်း တစ် ပါး သည်၊ ယော် ဒန် ပိတ် ပေါင်း မှ၊ ခြင်္သေ့ သ ဖွယ်၊ တည် မြဲ သော နေ ရာ သို့ ချီ တက်၍၊ ပြည် သား တို့ ကို ရုတ် ခြင်း ငါ ပြေး စေ သ ဖြင့်၊ ရွေး ချယ် သူ့ ကို ထို ပြည် ပေါ် တွင် ငါ ခန့် ထား မည်။ ငါ နှင့် တူ သော သူ၊ ငါ့ အား ချိန်း ချက် ဝံ့ သူ၊ ရှေ့ တော် တွင် ခံ ရပ် နိုင် သောမင်း ကား၊ မည် သူ နည်း။ Judson Bible ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှတက်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့ တက်သောအခါ၊ နေသောသူသည် ချက်ချင်းပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း ဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။ |
အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။
မြောက်အရပ်မှ တစ်စုံတစ်ဦးကို ငါလှုံ့ဆော်၍ သူသည် နေထွက်ရာအရပ်မှလာလေပြီ။ သူသည် ငါ့နာမကိုဟစ်ခေါ်လိမ့်မည်။ အိုးထိန်းသည်သည် မြေစေးကိုနင်းသကဲ့သို့ သူသည် မင်းအရာရှိတို့ကို ရွှံ့သဖွယ်နင်းလိမ့်မည်။
ထာဝရဘုရားက “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ သင်တို့သည် ငါ့ကိုသိ၍ယုံကြည်မည့်အကြောင်း၊ ငါသည် ထိုအရှင်ဖြစ်သည်ကိုနားလည်မည့်အကြောင်း ငါရွေးချယ်သော ငါ၏အစေအပါးလည်းဖြစ်ကြ၏။ ငါ့အလျင် မည်သည့်ဘုရားမျှမရှိ။ ငါ့နောက်၌လည်း မည်သည့်ဘုရားမျှ ရှိမည်မဟုတ်။
အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။
ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို အောက်မေ့လော့။ ငါသာလျှင် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။ ငါနှင့်တူသောဘုရားမရှိ။
သင်တို့အားလုံး စုရုံး၍ နားထောင်ကြလော့။ သူတို့တွင် မည်သူသည် ဤအမှုတို့ကို ပြန်ပြောခဲ့သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ကိုယ်တော်၏အလိုတော်အတိုင်း ဘေဘီလုံမြို့ကိုပြုမည်။ သူ၏လက်သည် ခါလဒဲလူမျိုးကို ဆန့်ကျင်မည်။
သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။
ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။
အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။