တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
ယေရမိ 50:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လက်နက်တိုက်ကိုဖွင့်၍ အမျက်တော်လက်နက်ကို ထုတ်တော်မူပြီ။ ဤသည်ကား ခါလဒဲပြည်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ Common Language Bible ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ခါ လ ဒဲ ပြည် တွင် စီ ရင် ရန် အ မှု ရှိ သည် နှင့် အ ညီ၊ လက် နက် တိုက် တော် ကို ဖွင့် လျက်၊ အ မျက် တော် ဆိုင် ရာ လက် နက် များ ကို ထုတ် တော် မူ ရ ကား၊ အ ရပ် ရပ် မှ ချီ တက် ၍၊ Judson Bible ထာဝရဘုရားသည် လက်နက်စုံတိုက်တော်ကိုဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသောအမှုပေတည်း။ |
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
တွေ့ရှိဖမ်းမိခြင်းခံရသောသူအပေါင်းတို့သည် ဓားဖြင့်သတ်ဖြတ်ခြင်းခံကြရလိမ့်မည်။
မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။
ထာဝရဘုရားက “သင်သည် ငါ့အဖို့ စစ်တင်းပုတ်၊ စစ်လက်နက်ဖြစ်၏။ ငါသည် သင့်အားဖြင့် လူမျိုးတကာတို့ကို တကွဲတပြားဖြစ်စေမည်။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးပစ်မည်။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ဘေဘီလုံမြို့ကိုဖျက်ဆီး၍ ထိုမြို့မှ ဆူညံပွက်လောရိုက်နေသောအသံကို ဆိတ်သုဉ်းစေတော်မူ၏။ ရန်သူလှိုင်းလုံးကြီးသည် အဟုန်ပြင်းသောရေနှင့်တူ၏။ သူတို့မြည်ဟည်းသောအသံသည် ပဲ့တင်ထပ်လေပြီ။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။