ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သူတို့ကို ထ၍ဆန့်ကျင်မည်။ ဘေဘီလုံဟူသောအမည်နာမမှစ၍ ကြွင်းကျန်သောသူများ၊ သားသမီးနှင့် သားမြေးအစဉ်အဆက်တို့ကို ငါပယ်ရှားမည်”ဟု မိန့်တော်မူ၏။
ယေရမိ 50:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အမိသည် အရှက်တကွဲအကျိုးနည်း ဖြစ်ရလိမ့်မည်။ သင်တို့ကို မွေးဖွားသောအမိသည် မျက်နှာပျက်ရလိမ့်မည်။ ကြည့်ရှုလော့။ တိုင်းနိုင်ငံတို့တွင် သင်တို့သည် အသိမ်ငယ်ဆုံးသောနိုင်ငံ၊ တောကန္တာရ၊ ခြောက်သွေ့သောလွင်ပြင် ဖြစ်လိမ့်မည်။ Common Language Bible သင်တို့၏မြို့သည်အရှက်ကွဲ၍အသရေ ပျက်လိမ့်မည်။ နိုင်ငံတကာတို့တွင်ဗာဗုလုန် နိုင်ငံသည် အသိမ်ငယ်ဆုံးသောနိုင်ငံဖြစ် လိမ့်မည်။ ယင်းသည်ခြောက်သွေ့၍ရေမရှိ သည့်သဲကန္တာရဖြစ်လိမ့်မည်။- Garrad Bible ဖွား မြင် သော မိ ခင် သည်၊ အ လွန် ကျိုး ယုတ် ရှက် ကွဲ ၍၊ အ ယုတ် ဆုံး သော လူ မျိုး၊ သွေ့ သော က န္တာ ရ၊ ခြောက် သော လွင် ပြင်၊ ဖြစ် လိမ့် တ ကား။ Judson Bible ထိုကြောင့်၊ သင်တို့အမိသည် မိန်းမောတွေဝေလိမ့်မည်။ သင်တို့ကိုမွေးဖွားသောသူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသောပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သောလွင်ပြင် ဖြစ်ရလိမ့်မည်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သူတို့ကို ထ၍ဆန့်ကျင်မည်။ ဘေဘီလုံဟူသောအမည်နာမမှစ၍ ကြွင်းကျန်သောသူများ၊ သားသမီးနှင့် သားမြေးအစဉ်အဆက်တို့ကို ငါပယ်ရှားမည်”ဟု မိန့်တော်မူ၏။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။
“သားခုနစ်ယောက်မိခင်သည် အားလျော့၍ အသက်ငင်လေပြီ။ နေ့အချိန်၌ပင် သူ့ဘဝနေဝင်ချိန်ရောက်လေပြီ။ သူသည် အရှက်ကွဲသောသူ၊ မျက်နှာပျက်သောသူ ဖြစ်ရလေပြီ။ သူတို့ထဲမှကြွင်းကျန်သောသူတို့ကိုလည်း သူတို့ရန်သူတို့၏ဓားဖြင့် ဆုံးစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
မြောက်ဘက်အရပ်ရှိ ရပ်နီး၊ ရပ်ဝေးဘုရင်အားလုံးကို တစ်ပါးပြီးတစ်ပါး သောက်စေ၏။ ကမ္ဘာမြေပြင်ပေါ်ရှိ ကမ္ဘာ့တိုင်းနိုင်ငံအားလုံးကိုလည်း သောက်စေ၏။ နောက်ဆုံး ရှေရှက်ဘုရင်လည်း သောက်ရ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
မြို့ရွာတို့သည် လူသူကင်းမဲ့၍ ခြောက်သွေ့သောကန္တာရမြေ ဖြစ်လိမ့်မည်။ နေထိုင်သူမရှိ၊ ဖြတ်သန်းသွားလာသူမရှိသောမြေ ဖြစ်လိမ့်မည်။
ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
သူ၏နဖူးပေါ်၌ရေးထားသည့် လျှို့ဝှက်နက်နဲသောအမည်နာမမှာ “ဘေဘီလုံမြို့ကြီး၊ ပြည့်တန်ဆာတို့နှင့်ကမ္ဘာမြေကြီးပေါ်မှရွံရှာဖွယ်ရာများ၏အမိ”ဟူ၍ဖြစ်၏ ။