အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
ယေရမိ 5:30 - မြန်မာ့စံမီသမ္မာကျမ်း ဤပြည်၌ ထိတ်လန့်ကြောက်မက်ဖွယ်ရာများ ဖြစ်လာပြီ။ Common Language Bible ဤပြည်တွင်အံ့သြရွံရှာဖွယ်ကောင်းသည့်အမှုပေါ်ပေါက်လာသည်မှာ၊- Garrad Bible ဤ ပြည် တွင် အံ ဖွယ် သ ရဲ၊ စက် ဆုပ် ဖွယ် ရာ ပေါ် ပေါက် လေ ပြီ။ Judson Bible အံ့ဩရွံရှာဖွယ်သောအမှုကို ပြည်တော်၌ ပြုကြ၏။ |
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။
အို မိုးကောင်းကင်၊ ဤအမှုအရာ၌ တုန်လှုပ်ချောက်ချားလျက်နေလော့။ အလွန်ကြောက်လန့်လျက်၊ မှင်တက်လျက်နေလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
အစ္စရေးအမျိုးအနွယ်၌ ကြောက်မက်ဖွယ်သောအမှုကို ငါမြင်ရပြီ။ ဧဖရိမ်သည် ပြည့်တန်ဆာလုပ်လေပြီ။ အစ္စရေးသည် ကိုယ်ကိုညစ်ညူးစေလေပြီ။