ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
ယေရမိ 5:20 - မြန်မာ့စံမီသမ္မာကျမ်း ဤအကြောင်းအရာကို ယာကုပ်အမျိုးအနွယ်အား ပြောကြားလော့။ ယုဒပြည်၌ ကြေညာလော့။ Common Language Bible ထာဝရဘုရားက``ယာကုပ်၏သားမြေး ယုဒပြည်သူတို့အားပြောကြားလော့။- Garrad Bible ယာ ကုပ် အ မျိုး သား တို့ အား လည်း ကောင်း၊ ယု ဒ ပြည် တွင် လည်း ကောင်း၊ ဖော် ပြ ကြော် ငြာ ကြ ရ မည် မှာ၊ Judson Bible ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြောကြွေးကြော်ရမည်မှာ၊ |
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။