သို့သော် သူသည် ထိုသို့မကြံရွယ်။ သူ၏စိတ်နှလုံးသည် ထိုသို့မစဉ်းစား။ သူ၏စိတ်နှလုံးထဲ၌ လူမျိုးများစွာတို့ကို ဖျက်ဆီးပယ်ရှားရန် ကြံရွယ်၏။
ယေရမိ 49:30 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အို ဟာဇော်မြို့သူမြို့သားတို့၊ ပြေးကြ။ အဝေးသို့ ပြေးကြ။ ပုန်းအောင်းနေကြ။ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သင်တို့ကိုဦးတည်၍ လျှို့ဝှက်ကြံစည်လေပြီ။ စစ်ပြင်လေပြီ”ဟု မိန့်တော်မူ၏။ Common Language Bible ``ဟာဇော်မြို့သားတို့၊ ရပ်ဝေးသို့ထွက်ပြေး ပုန်းအောင်းနေကြရန် သင်တို့အားငါထာဝရ ဘုရားသတိပေး၏။ ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာသည်သင်တို့ကိုလုပ်ကြံရန်ကြံစည် ထားလေပြီ။- Garrad Bible အို ဟာ ဇော် ပြည် သား တို့၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ သင် တို့ အ ပေါ် တွင် တိုင် ပင် ကြံ စည် ပြီး ဖြစ် သော ကြောင့်၊ ဝေး ကွာ စွာ ထွက် ပြေး လျက်၊ နက် ရှိုင်း စွာ အောင်း ကြ လော့ ဟု မိန့် တော် မူ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာဇော်ပြည်သားတို့၊ ဝေးစွာပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့တစ်ဖက်၌ ကြံစည်သောအကြံအစည် ရှိ၏။ |
သို့သော် သူသည် ထိုသို့မကြံရွယ်။ သူ၏စိတ်နှလုံးသည် ထိုသို့မစဉ်းစား။ သူ၏စိတ်နှလုံးထဲ၌ လူမျိုးများစွာတို့ကို ဖျက်ဆီးပယ်ရှားရန် ကြံရွယ်၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ယခု ဤပြည်အားလုံးကို ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်ပြီ။ တောရိုင်းတိရစ္ဆာန်များကိုပင် သူ၏အစေကိုခံရန် ငါအပ်လေပြီ။