ဩဇိမင်းကြီးသည် စစ်သည်အပေါင်းတို့အတွက် ဒိုင်းလွှားများ၊ လှံများ၊ သံခမောက်များ၊ သံချပ်အင်္ကျီများ၊ လေးများနှင့် လောက်လွှဲကျောက်များကို ပြင်ဆင်ပေး၏။
ယေရမိ 46:4 - မြန်မာ့စံမီသမ္မာကျမ်း မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။ Common Language Bible သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။ Garrad Bible အို မြင်း ရဲ တို့၊ မြင်း များ ကို က ၍ တက် စီး ပြီး လျှင်၊ မောက် ရူ များ ကို ဆောင်း လျက် စွဲ ရပ် ကြ လော့။ လှံ များ ကို တိုက် လျက်၊ သံ ချပ် များ ကို ဝတ် ဆင် ကြ လော့။ Judson Bible မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကို ပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။ |
ဩဇိမင်းကြီးသည် စစ်သည်အပေါင်းတို့အတွက် ဒိုင်းလွှားများ၊ လှံများ၊ သံခမောက်များ၊ သံချပ်အင်္ကျီများ၊ လေးများနှင့် လောက်လွှဲကျောက်များကို ပြင်ဆင်ပေး၏။
ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။
အချင်းလူမျိုးတို့၊ ဆိုးသွမ်းကြ။ ပြိုကွဲကြ။ ဝေးလံသောပြည်အပေါင်းတို့၊ စူးစိုက်နားထောင်ကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။
လေးသမားတို့ကို လေးတင်ရသောအခွင့်၊ သံချပ်အင်္ကျီ ဝတ်ဆင်ရသောအခွင့် မပေးကြနှင့်။ လူပျိုတို့ကို မနှမြောနှင့်။ စစ်သည်ဗိုလ်ပါအပေါင်းတို့ကို အကုန်အစင်ဖျက်ဆီးကြလော့။
အချင်းလူသား၊ ပရောဖက်ပြု၍ ဤသို့ဆင့်ဆိုလော့။ အမ္မုန်အမျိုးသားများနှင့်ပတ်သက်၍၊ သူတို့ကဲ့ရဲ့ပြစ်တင်သောအမှုနှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရားက ‘ဓား၊ ဓားကိုထုတ်ထားပြီ။ သတ်ဖြတ်ရန် ပြောင်လက်အောင် သွေးထားပြီဖြစ်၍ ဓားသွားမှာဝင်းလက်နေပြီ။
လူမျိုးတကာတို့ထံ ဤသို့ကြေညာလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြ။ စစ်သူရဲတို့ကို နှိုးဆော်ကြ။ စစ်သည်အပေါင်းတို့ချီတက်တိုက်ခိုက်ကြ။
ရှောလုမင်းကြီးသည် မိမိ၏စစ်ဝတ်တန်ဆာများကို ဒါဝိဒ်အား ဝတ်ဆင်စေ၏။ ဦးခေါင်းတွင် ကြေးနီခမောက်ကိုဆောင်းစေပြီး သံချပ်အင်္ကျီကို ဝတ်စေ၏။
သူသည် ခေါင်းတွင် ကြေးနီသံခမောက်ဆောင်းထား၍ သံချပ်အင်္ကျီကို ဝတ်ထား၏။ ထိုသံချပ်အင်္ကျီ၏အလေးချိန်မှာ ကြေးနီရှယ်ကယ်ငါးထောင်ခန့်ရှိ၏။