“ယုဒအမျိုးသားတို့မျက်စိရှေ့တွင် ကျောက်တုံးကြီးတို့ကိုယူ၍ တာပနက်မြို့ရှိ ဖာရောမင်းကြီး၏နန်းတော်အဝင်ဝ အုတ်ဖိုမြေ၌ မြှုပ်ထားရမည်။
``ကျောက်တုံးကြီးအချို့ကိုယူ၍ ဤမြို့ရှိ အစိုးရအိမ်တော်အဝင်ဝနေရာတွင်မြှုပ် ထားလော့။ ဤသို့သင်ပြုသည်ကိုလည်းအချို့ သောယုဒအမျိုးသားတို့မြင်ပါစေ။-
တာ ပ နက် မြို့၊ ဖာ ရော မင်း နန်း တော် တံ ခါး ဝ အ နီး၊ မြို့ ရိုး ငယ့် အ တွင်း ယု ဒ လူ တို့ ရှေ့၊ သ ရွတ် ထေး ၍ ခင်း ထား ပြီး နောက်၊
သင်သည် ကြီးသော ကျောက်တို့ကိုကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာရှိသော အုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ သံပုဆိန်ပေါက်အလုပ်၊ အုတ်ဖုတ်ရသောအလုပ်တို့ကို လုပ်စေ၏။ အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြု၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
ထို့နောက်မှ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ အကြီးအကဲများ၊ သူ့လူမျိုးများ၊
ထို့နောက် သူတို့အား ‘အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါ၏အစေအပါးဘေဘီလုံဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မည်။ ယေရမိအား ငါမြှုပ်စေခဲ့သောကျောက်တုံးများပေါ်တွင် ထိုဘုရင်၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း ယာယီစံနန်းကို တည်လိမ့်မည်။
တာပနက်မြို့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒဘုရင်ဇေဒကိမင်းကြီးအား သူ့အသက်ကိုရန်ရှာသောသူ၏ရန်သူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်သကဲ့သို့ အီဂျစ်ဘုရင်ဖာရောဟောဖရာကိုလည်း သူ၏အသက်ကိုရန်ရှာသော သူ၏ရန်သူတို့လက်သို့ ငါအပ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
အချင်းလူသား၊ အုတ်ချပ်တစ်ချပ်ကိုယူ၍ သင့်ရှေ့တွင်ထားပြီးလျှင် ထိုအုတ်ချပ်ပေါ်တွင် ဂျေရုဆလင်မြို့ပုံကို ရေးဆွဲလော့။
ပရောဖက်တို့ကို ငါမိန့်မှာခဲ့ပြီ။ ဗျာဒိတ်နိမိတ်ကို အမျိုးမျိုးဖွင့်ပြပေးခဲ့ပြီ။ ပရောဖက်များအားဖြင့် ပုံပမာကို ပြခဲ့ပြီ။”
ဝိုင်းရံပိတ်ဆို့ခံရမည်ဖြစ်၍ ရေကို လှောင်ထားလော့။ အုတ်ဖိုကိုပြင်ဆင်၍ ရွှံ့ကိုနင်းနယ်လော့။ သင့်ခံတပ်တို့ကို ခိုင်ခံ့စေလော့။
ထိုသူသည် ငါတို့ထံလာ၍ ပေါလု၏ခါးပန်းကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကို ချည်နှောင်ကာ “ဂျူးလူမျိုးတို့သည် ဤခါးပန်းပိုင်ရှင်ကို ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူ၏”ဟု ဆိုလေ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။