သူ့ခင်ပွန်းသည်လည်း ငိုကြွေးလျက် ဗာဟုရိမ်မြို့တိုင်အောင် သူနှင့်အတူလိုက်လာ၏။ အာဗနာက သူ့အား “ပြန်သွားပါ”ဟု ဆိုမှ သူပြန်သွားလေ၏။
ယေရမိ 41:6 - မြန်မာ့စံမီသမ္မာကျမ်း နေသနိ၏သားဣရှမေလသည်လည်း ထိုသူတို့ကိုကြိုဆိုရန် မိဇပါမြို့မှထွက်လာ၏။ သူသည် လမ်းတစ်လျှောက်လုံးငိုကြွေးလျက် ထိုသူတို့နှင့်တွေ့သောအခါ “အဟိကံ၏သားဂေဒလိထံသို့ ဝင်ကြပါဦး”ဟု ဆိုလေ၏။ Common Language Bible သို့ဖြစ်၍ဣရှမေလသည် သူတို့အားကြို ဆိုရန်မိဇပါမြို့မှထွက်ခွာပြီးလျှင် တစ် လမ်းလုံးငိုကြွေးလျက်သွား၏။ သူသည် ထိုသူတို့နှင့်တွေ့ဆုံမိသောအခါသူတို့ အား``ဂေဒလိထံသို့လာရောက်ကြပါ'' ဟုခေါ်ဖိတ်လေသည်။- Garrad Bible နာ သ နိ သား ဣ ရှ မေ လ သည်၊ မ ရပ် မ စဲ ငို ကြွေး လျက် ကြို ဆို ရန်၊ မိ ဇ ပါ မြို့ မှ ထွက် သွား၍ တွေ့ ဆုံ သော်၊ အ ဟိ ကံ့ သား ဂေ ဒ လိ ထံ ဝင် ပါ ဦး ဟု၊ ခေါ် ဖိတ် သည့် အ တိုင်း၊ မြို့ တွင်း သို့ ရောက် ကြ လျှင်၊ Judson Bible ထိုသူတို့ကို ကြိုဆိုအံ့သောငှာ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံသို့ လာကြလော့ဟု ခေါ်လေ၏။ |
သူ့ခင်ပွန်းသည်လည်း ငိုကြွေးလျက် ဗာဟုရိမ်မြို့တိုင်အောင် သူနှင့်အတူလိုက်လာ၏။ အာဗနာက သူ့အား “ပြန်သွားပါ”ဟု ဆိုမှ သူပြန်သွားလေ၏။
“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။