ယေရမိ 41:16 - မြန်မာ့စံမီသမ္မာကျမ်း
အဟိကံ၏သားဂေဒလိကို နေသနိ၏သားဣရှမေလသတ်ပြီးနောက် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲအပေါင်းတို့သည် စစ်သူရဲများ၊ မိန်းမများ၊ ကလေးငယ်များနှင့် မင်းမှုထမ်းများဖြစ်သည့် မိဇပါမြို့မှကြွင်းကျန်သောသူအပေါင်းတို့ကို ဣရှမေလလက်မှကယ်တင်ပြီး ဂိဗောင်မြို့မှ ပြန်ခေါ်ဆောင်လာခဲ့၏။
အခန်းကိုကြည့်ပါ။
ဂေဒလိအားသတ်ပြီးနောက်မိဇပါမြို့မှ သုံ့ပန်းများအဖြစ် ဣရှမေလခေါ်ဆောင် လာသောစစ်သူရဲများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်မိန်းမစိုးများအား ယောဟနန်နှင့်သူ၏တပ်မှူးများကထိန်း သိမ်းစောင့်ရှောက်ထားကြ၏။-
အခန်းကိုကြည့်ပါ။
ထို့ နောက်၊ ကာ ရာ့ သား ယော ဟ နန် သည်၊ ဘက် ပါ တပ် မှူး တို့ နှင့် တ ကွ၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို လုပ် ကြံ ခဲ့ သူ၊ နာ သ နိ သား ဣ ရှေ မေ လ လက် မှ ရ၍၊ ဂိ ဗောင် မြို့ က ထုတ် ဆောင် သူ များ၊ မိ ဇ ပါ မြို့ နေ လူ မျိုး တော် အ ကြွင်း အ ကျန် တည်း ဟူ သော စစ် သူ ရဲ၊ မိန်း မ၊ သူ ငယ်၊ မိန်း မ စိုး များ တို့ ကို ခေါ် ၍၊
အခန်းကိုကြည့်ပါ။
ထိုသို့ အဟိကံသား ဂေဒလိကိုသတ်ပြီးသည်နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသားဣရှမေလလက်မှလည်းကောင်း၊ မိဇပါမြို့မှလည်းကောင်းနုတ်၍ ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှဆောင်ခဲ့ပြန်၍၊
အခန်းကိုကြည့်ပါ။