ဣရှမေလဖမ်းသွားသောလူအပေါင်းတို့သည် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲတို့ကို မြင်သောအခါ ဝမ်းမြောက်ကြလေ၏။
ယေရမိ 41:14 - မြန်မာ့စံမီသမ္မာကျမ်း မိဇပါမြို့မှ ဣရှမေလဖမ်းဆီးခေါ်ဆောင်ခဲ့သော လူအားလုံးတို့သည် ကာရာ၏သားယောဟနန်ဘက်သို့ ပြန်ခိုဝင်လာကြလေ၏။ Common Language Bible ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။- Judson Bible ထိုအခါ မိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။ |
ဣရှမေလဖမ်းသွားသောလူအပေါင်းတို့သည် ကာရာ၏သားယောဟနန်နှင့် သူနှင့်အတူပါလာသောစစ်သည်အကြီးအကဲတို့ကို မြင်သောအခါ ဝမ်းမြောက်ကြလေ၏။
နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။